Khit Thit သတင်းဌာန၏ မေ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ကမ္ဘာ့ကပ်ရောဂါ အသွင်ဖြစ်လာနိုင်တဲ့ ဟန်တာဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ နိုင်ငံ ၁၂ နိုင်ငံအထိ ဖြစ်လာ တဲ့အတွက် ကမ္ဘာ့နိုင်ငံအများအပြားက အရေးပေါ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး အဲ့ဒီ့ ဟန်တာ ဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေကိုပါ ခြေဦးလှည့်ခြိမ်းခြောက်လာ နေတယ်လို့ စင်ကာပူ သတင်းတွေမှာ ဖော်ပြလာပါတယ်။ - ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်အရ မြန်မာ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အွန်လိုင်းကနေပဲ တွေ့ဆုံမှာဖြစ်တယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ - ရန်ကုန် မှာ ၄ နာရီခြားလျှပ်စစ်မီး အလှည့်ကျဖြန့်ဖြူးတဲ့ စနစ် ပြန်လည် ကျင့်သုံးမယ်လို့ အကြမ်းဖက် စစ်တပ်လက်အောက်ခံ YESC က ကြေညာလာပါတယ်။ - အရှေ့အလယ်ပိုင်းမှာ ယာယီအပစ်ရပ်ထားတဲ့ အမေရိကန်နဲ့ အီရန်အကြား အပြန်အလှန်ပစ်ခတ် တိုက်ခိုက် မှုတွေ ပြန်လည်ဖြစ်ပွားမှုကြောင့် ရေနံစျေးတွေ ပြန်တက်ပြီး ရှယ်ယာစျေးကွက်တွေ ကျသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။