အီရန်က ကာတာနိုင်ငံဒိုဟာမှာရှိတဲ့ အမေရိကန်လေတပ်စခန်းနဲ့ အီရတ်က လေတပ်စခန်းတို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒိုဟာက အမေရိကန်တွေရဲ့ အယ်လ်အူဒေ့စခန်းအတိုက်ခံရကြောင်း ကာတာအာဏာပိုင်တွေက အတည်ပြုပြီး ဒါဟာ အီရန်ရဲ့ ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုလို့ဆိုပါတယ်။ သူတို့အနေနဲ့လည်း တိုက်ရိုက်တုံ့ပြန်နိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။ အမေရိကန်လေတပ်ဗုံးကြဲလေယာဥ်တွေက အီရန်ရဲ့ နျူကလီးယားထုတ်လုပ်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့အပြီးမှာ အီရန်ဘက်က ခုလို လက်တုံ့ပြန်လာတာပါ။ ကာတာမြို့ခံတစ်ယောက် ရိုက်ကူးထားတဲ့ ဗီဒီယိုကို တွေ့ရမှာပါ။ #youtubeshorts #ဘီဘီစီမြန်မာပိုင်း #အစ္စရေး #အီရန် #နက်တာညာဟု #ကာတာ #အမေရိကန် #နျူကလီးယား