Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်တပ်က ဒေါ်လာစျေးမတက်ရေးအတွက် ဒေါ်လာစုဆောင်းသိုလှောင်သူတွေ USDT အွန်လိုင်းအရောင်းအဝယ်နဲ့ စျေးကစားသူတွေကို စီမံချက်နဲ့လိုက်လံဖမ်းဆီးနေပြီး သွင်းကုန်နဲ့ ပို့ကုန်လုပ်ငန်းရှင်တချို့ပါ စစ်မေးခံရတယ်လို့ UMFCCI မှ စီးပွားရေးသမားတချို့ဆီကနေ သိရပါတယ်။ - အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲမှု ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိပြီးစီး နေပြီလို့ အမျိုးသားညီညွတ်ရေးဖယ်ဒရယ်ကောင်စီ- NUCC က ကြေညာပါတယ်။ - မကွေးတိုင်း၊ မြိုင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ မြို့မရဲစခန်းကို ၂ ကြိမ်တိုင်တိုင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဆားလင်းကြီး Revolution Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - အီရန်အာဏာပိုင်တွေက ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေကိုဖုံးကွယ်ဖို့ ၁၀ ရက်ကြာ ချမှတ်ထားခဲ့တဲ့ အင်တာနက်ဖြတ်တောက်မှုကို တနင်္ဂနွေနေ့မှာ အကန့်အသတ်နဲ့ ပြန်လည်ဖွင့်ပေး လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

Khit Thit MediaMyanmarBurmaKhit ThitYangon Khit Thit MediaMediaYangon Khit ThitMALMin Aung HlaingMyanmar Khit ThitPDFPeople Defense ForceNUGNational Union GovernmentNUG - MyanmarNational Union Government MyanmarAung San Suu KyiDaw Aung San Suu Kyiရွေးကောက်ပွဲ