• လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် မနီလာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ် • မြန်မာနိုင်ငံမှာ တောင်သူတွေ စပါးအထွက်နှုန်းကျပြီး ဈေးကောင်းမရတဲ့အပြင် ပဋိပက္ခဒေသတွေမှာ သိုလှောင်စရာ နေရာမရှိ ၊ ပိုးကျလို့ မရိတ်လိုက်ရတဲ့လယ်တွေ အများကြီး ရှိနေပါတယ်။ • သမ္မတထရမ့်ဟာ ဂရင်းလန်းအရေးနဲ့ ပတ်သက်တဲ့ အခြေခံတွေ ဆွေးနွေးပြီးပြီလို့ ပြောပြီး ဉရောပ မဟာမိတ်နိုင်ငံတွေအပေါ် သွင်းကုန်ခွန်တိုးကောက်မယ့်ကိစ္စ ပြန်ရုပ်သိမ်းလိုက်ပါတယ်။