ကယားပြည်နယ် (ကရင်နီ)၊ မယ်စဲ့မြို့နယ်ထဲမှာရှိတဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ တရားရေးဌာနအောက်ခံ အကျဉ်းထောင် (၂) ကနေ စစ်သုံ့ပန်းအကျဉ်းသား ၈၆ ဦး ဒီနေ့မနက်အစောပိုင်း ထွက်ပြေးသွားပါတယ်။ ဝန်ထမ်းအချို့ကိုရိုက်နှက်ပြီး ထောင်ဝန်ထမ်းအဖြစ်ခန့်ထားတဲ့အထဲက ရဲဝန်ထမ်းဟောင်းနှစ်ဦးနဲ့အတူ လက်နက်တွေပါ ယူဆောင်ထွက်ပြေးသွားကြတာလို့ IEC ဘက်ကပြောပါတယ်။ ဒီအကြောင်း အသေးစိတ်သိရဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး (၂) ကိုဗညားခွန်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း

BBC BurmeseBBC News မြန်မာဘီဘီစီမြန်မာပိုင်းIECစစ်သုံ့ပန်းအကျဥ်းထောင်ကရင်နီ